မေးလေ့ရှိသော မေးခွန်းများ

CMS ဆိုတာ Content Management System ကို အတိုကောက် ခေါ်ဆိုတာဖြစ်တယ်။ CMS ဝဘ်ဆိုဒ်ဆိုတာ ကိုယ့်ဝဘ်ဆိုဒ်ရဲ့ Content တွေကို Code ရေးသားရန်မလိုပဲ မိမိကိုယ်တိုင် အလွယ်တကူ ဖန်တီးပြင်ဆင်နိုင်စေရန် အထူးတီထွင်ထားသော Software တစ်ခုဖြစ်သည်။
လုံးဝမလိုပါဘူး။ ကျွန်တော်တို့ CMS Website ဟာ အသုံးပြုလို့လွယ်ကူအဆင်ပြေစေရန်နှင့် user-friendly ဖြစ်အောင် တီထွင်ပြုလုပ်ထားတဲ့ Platform ဖြစ်လို့ မည်သည့် Coding Skill နဲ့ Technical Knowledge မှမလိုအပ်ပဲ သင့်ရဲ့ Website ကို လွယ်ကူစွာ ဖန်တီးပြုပြင်နိုင်မှာဖြစ်ပါတယ်။
ဟုတ်ပါတယ် ကျွန်တော်တို့ရဲ့ ဝဘ်ဆိုဒ်ကျွမ်းကျင်သူများမှ သင့်ကိုယ်ပိုင်ဝဘ်ဆိုဒ်ကို အစအဆုံး ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ဝဘ်ဆိုဒ်တစ်ခုဖန်တီးတယ်ဆိုတာ အကျွမ်းတဝင်မရှိရင် ခေါင်းစားတဲ့ကိစ္စတစ်ခုဖြစ်ပြီးတော့ ဘယ်ကစဘာကိုင်ရမှန်းမသိဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့ ဝဘ်ဆိုဒ်ကျွမ်းကျင်သူများမှ လူကြီးမင်း၏ ဝဘ်ဆိုဒ်အတွက် မရှိမဖြစ်လိုအပ်သော Home Page, About Us Page, Services/Products Page, Contact Us Page, Testimonials Page, နှင့် FAQ Page တို့ကို အစကနဦး လူကြီးမင်းတို့ အတွက် ဖန်တီးပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ လူကြီးမင်းဘက်မှလိုအပ်သော အချက်အလက်များနှင့် ရေးသားလိုသောစာသားများကိုသာ ပံ့ပိုးပေးရန်သာ လိုအပ်ပါသည်။
ဟုတ်ကဲ့ ပေးပါတယ်။ ကျွန်တော်တို့ရဲ့ Content Writer များမှ လူကြီးမင်း၏ လုပ်ငန်း လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်သော ဆွဲဆောင်မှုရှိတဲ့ Website Content များ ဖန်တီးရေးသား ပေးပါသည်။ ဝဘ်ဆိုဒ်တစ်ခု အတွက် မရှိမဖြစ်လိုအပ်သော Home Page, About Us Page, Services/Products Page, Contact Us Page, Testimonials Page, နှင့် FAQ Page တို့အတွက်လိုအပ်သော Content များကို ကျွန်တော်တို့၏ Content Writer များမှ ကနဦး ဖန်တီးရေးသားပေးပါမည်။ လူကြီးမင်းဘက်မှလိုအပ်သော အချက်အလက်များနှင့် ရေးသားလိုသောစာသားများကိုသာ ပံ့ပိုးပေးရန်သာ လိုအပ်ပါသည်။

ဤ Service အတွက် မည်သည့် ကုန်ကျစရိတ်မျှ ထပ်မံကုန်ကျခံစရာမလိုအပ်ပါ
သင့် Website ကဒေတာတွေကို ကျွန်တော်တို့ရဲ့ CMS Platform ကနေတဆင့် အလွယ်တကူ သင်ကိုယ်တိုင် အချိန်မရွေး ပြောင်းလဲနိုင်ပါတယ်။ အဲဒီအတွက် မည်သည့် ကုန်ကျစရိတ်မျှ ထပ်မံကုန်ကျခံစရာမလိုအပ်ပါ

CMS Website တစ်ခုရဲ့အားသာချက်က ဒေတာတွေကို သင်ကိုယ်တိုင် မည်သည့် Technician ကိုမှအားကိုးစရာမလိုပဲ အလွယ်တကူ အချိန်မရွေးပြောင်းလဲနိုင်ခြင်းဖြစ်တယ်။ Static Website တွေဆိုလျှင် ဒေတာပြောင်းချင်တိုင်း Code ရေးတဲ့သူကို ပိုက်ဆံထပ်ပေးပြီး ပြောင်းရတယ်။

ကျွန်တော်တို့ Platform မှာဆိုလျှင် စာသား သို့မဟုတ် ပုံ တစ်ခုခုပြောင်းချင်တာပဲ ဖြစ်ဖြစ်၊ စာမျက်နှာ အသစ် ထပ်တိုးချင်တာပဲ ဖြစ်ဖြစ်၊ တခြားအချက်အလက်တစ်ခုခု ပြင်ချင်တာပဲဖြစ်ဖြစ် User-friendly ဖြစ်တဲ့ Interface မှတဆင့် သင့်ရဲ့ကိုယ်ပိုင် အကောင့်ဖြင့် အလွယ်တကူ လုပ်ဆောင်လိုက်နိုင်ပါတယ်။ အဲ့ဒီလိုလုပ်နိုင်ဖို့ကိုလည်း Training ပေးသွားမှာဖြစ်ပြီး၊ နောက်ပိုင်းလိုအပ်တဲ့ အကူအညီများကိုလည်း ပေးဖို့ အဆင်သင့်ရှိနေပါတယ်။
ဘာမှလုပ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ဘက်မှ လူကြီးမင်း၏ဝဘ်ဆိုဒ် Maintenance အတွက်လိုအပ်တာတွေအားလုံးကို အစအဆုံးအကုန်တာဝန်ယူပေးမှာဖြစ်လို့၊ ဝဘ်ဆိုဒ် Maintenance အတွက် အလုပ်ရှုပ်အိပ်ရေးပျက်စရာမလိုပဲ လူကြီးမင်းရဲ့ လုပ်ငန်းကိုသာ စိတ်ချလက်ချ ဆက်လက်အာရုံစိုက်နေလို့ ရအောင် ကျွန်တော်တို့ဘက်မှ ဝန်ဆောင်မှုအပြည့် ပေးထားပါတယ်။
လုံးဝ လုံခြုံပါတယ်။ သင့်ဝဘ်ဆိုဒ်နှင့် သင့်ဝဘ်ဆိုဒ်အားဝင်ရောက်ကြည့်ရှုသူကြားမှ ဒေတာပေးပို့မှုများအားလုံးကို လုံခြုံစေရန်အတွက် SSL Encryption နည်းပညာကို အသုံးပြု ကာကွယ်ထားပါသည်။
ဟုတ်ကဲ့ ရပါတယ်။ ကျွန်တော်တို့ CMS Platform မှာ သင့်ရဲ့ Website ကိုစိတ်ကြိုက် လိုချင်သလို Customize ပြုလုပ်လို့ရပါတယ်။ အဆင်သင့်ပြုလုပ်ထားသော Template တွေကိုအသုံးပြုပြီး မိမိ Website ကိုစိတ်ကြိုက် ပြင်ဆင်ဖန်တီးနိုင်သလို၊ Template ထဲမှာမပါဝင်တဲ့ မိမိစိတ်ကူးထဲက Website ဒီဇိုင်းများကို ကျွန်တော်တို့မှ ဖန်တီးပေးနိုင်ပါတယ်။ ထိုသို့ဒီဇိုင်းအသစ်ဖန်တီးမှုများမှာအတွက် ထပ်ဆောင်းဝန်ဆောင်ခ ထပ်မံကျသင့်မှာဖြစ်ပြီး မိတ်ဆွေရဲ့ လိုအပ်ချက်နှင့် Function တို့အပေါ်မူတည်၍ ပွင့်လင်းမြင်သာပြီး ထိုက်သင့်မျှတသော စျေးနှုန်းကို တွက်ချက်ပေးပါမည်။
ဟုတ်ကဲ့ ရပါတယ်အကယ်၍ သင့်မှာ Website တစ်ခုရှိပြီးသားဆိုရင် ကျွန်တော်တို့ CMS Website Platform ကို ပြောင်းလို့ရပါတယ်။ ကျွန်တော်တို့ Team မှ အကူးအပြောင်းအတွက် အဆင်ပြေချောမွေ့စေရန် အစအဆုံး အပြီးအစီး ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။
ဟုတ်ကဲ့ အပြည့်အဝပေးပါတယ်။ သင့်အခက်အခဲများနှင့် သိလိုသည်များကို ကျွန်တော်တို့ရဲ့ Customer Support Team မှ Chat သို့မဟုတ် ဖုန်းဖြင့် ကူညီဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ ထို့အပြင် Software အသုံးပြုပုံနှင့် Website နှင့်ပက်သက်သော အကြောင်းအရာ ဗဟုသုတ ဆောင်းပါးများနှင့် Tutorial များကိုလည်း အလွယ်တကူလေ့လာနိုင်စေရန် ဖန်တီးရေးသားပေးထားပါသည်။
ကျွန်တော်တို့ရဲ့ စျေးနှုန်း Plan များသည် သင့်ဝဘ်ဆိုဒ်အတွက် သင်လိုအပ်သော အင်္ဂါရပ်များနှင့် စွမ်းဆောင်ရည်များပေါ်မူတည်၍ ကွဲပြားပါသည်။ မတူညီသောဘတ်ဂျက်များနှင့် လိုအပ်ချက်များအလိုက် စျေးနှုန်း Plan များ အစားစားရှိပြီး သင့်လိုအပ်ချက်များနှင့် အသင့်တော်ဆုံး Plan ကိုသင်ရွေးချယ်နိုင်ပါသည်။ ကျွန်တော်တို့ရဲ့ စျေးနှုန်းကိုကြည့်ပါ -->
Website တစ်ခုဖန်တီးရာတွင် ကျွန်တော်တို Development Team မှ လူကြီးမင်း၏ Website အတွက် ကနဦးလိုအပ်သော မရှိမဖြစ်စာမျက်နှာများကို ပြင်ဆင်ဖန်တီးပေးခြင်း၊ Server Setup များပြုလုပ်ခြင်း၊ Website အား Hosting ပြုလုပ်ခြင်းနှင့်၊ နောက်ပိုင်းလိုအပ်သော Maintenance နှင့် အထောက်အပံများပေးခြင်း ကဲ့သို့သော အချိန်နဲ့အားစိုက်ထုတ်မှုများစွာ လိုအပ်သော ဝန်ဆောင်မှုများပေးစွမ်းနိုင်စေရန်အတွက် ကျွန်တော်တို့ဘက်မှ ကနဦးဝန်ဆောင်ခတောင်းခံရခြင်း ဖြစ်ပါတယ်။

သို့သော်လည်း ကျွန်တော်တို့ရဲ့ စျေးနှုန်းများကို Website ၏ quality ကိုမထိခိုက်စေပဲ စျေးနှုန်းချိုသာစေရန် ကြိုးပမ်းထားပြီး လျှို့ဝှက်ထားသောကုန်ကျစရိတ်များမရှိဘဲ ပွင့်လင်းမြင်သာသော စျေးနှုန်း Plan များဖြင့် ဝန်ဆောင်မှုပေးနေပါသည်။
ဟုတ်ကဲ့ ပါပါတယ်။ ပထမတစ်နှစ်စာအတွက် $10 ထိတန်ဖိုးရှိသော Domain Name မှတ်ပုံတင်ခသည် ကနဦး ဝန်ဆောင်ခထဲမှာ ပါဝင်ပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ CMS Website ဝန်ဆောင်မှုကို ရွေးချယ်ခြင်းအတွက် သင့်အနေဖြင့် ထပ်ဆောင်းအပိုကုန်ကျစရိတ်များအတွက် စိတ်ပူနေစရာမလိုဘဲ Website တစ်ခု လည်ပတ်ဖို့ လိုအပ်တာတွေအကုန်လုံးကို ကျွန်တော်တို့ရဲ့ စျေးနှုန်းပလန်ထဲမှာ ထည့်သွင်းထားပြီးဖြစ်ပါတယ်။
လုံးဝမရှိပါဘူး။ ကျွန်တော်တို့ ရဲ့ စျေးနှုန်း Plan ထက် လျှို့ဝှက်ကုန်ကျစရိတ်မရှိပါ။ ကျွန်တော်တို့ရဲ့စျေးနှုန်းသည် ပွင့်လင်းမြင်သာစွာရှိပြီး သင်ရွေးချယ်သော Plan တွင်ဖော်ပြထားသည့်အတိုင်းသာ ကောက်ခံမည်ဖြစ်သည်။
ကျွန်တော်တို့ရဲ့ ကုန်ကျစရိတ်များကို အနည်းဆုံးဖြစ်အောင်ကြိုးစားထားခြင်း၊ ကျွန်တော်တို့ရဲ့ Company တွင်း လုပ်ငန်းဆောင်တာအများစုကို ကောင်းမွန်စွာ အလိုအလျောက်လည်ပတ်လုပ်ဆောင်နိုင်စေရန် ကိုယ်ပိုင် Software ရေးသားအသုံးပြု၍ စီမံခန့်ခွဲခြင်းဖြင့် မလိုအပ်သော အပိုအလုပ်များနှင့် လုပ်အားများအား ကောင်းမွန်စွာ ဖြတ်တောက်ထားနိုင်ခြင်း၊ ထို့အပြင်ကျွန်တော်တို့ရဲ့ Overhead ကုန်ကျစရိတ်များကို များစွာ ချွေတာထားခြင်းတို့ကြောင့် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုအရည်အသွေးကို မထိခိုက်စေဘဲ ချိုသာသောစျေးနှုန်းအစီအစဉ်များကို ပေးဆောင်နိုင်ခြင်း ဖြစ်သည်။

ထို့အပြင် ယခုခေတ်တွင် စားသုံးသူများအား သတင်းမှားများနှင့် အတုအပဆင်တူယိုးမှားများမှ ကာကွယ်ပေးနိုင်စေရန် လူတိုင်းတတ်နိုင်သော ကိုယ်ပိုင် Official Website တစ်ခု လုပ်ငန်းတိုင်းတွင် ရှိသင့်သည်ဟု ကျွန်တော်တို့ယုံကြည်သောကြောင့် ယခုကဲ့သို့ စျေးနှုန်းချိုသာပြီး လျှို့ဝှက်ကုန်ကျစရိတ်မရှိသော စျေးနှုန်း Plan များကို ကမ်းလှမ်းခြင်းဖြစ်ပါသည်။
ဟုတ်ကဲ့၊ ရှိတာပေ့ါဗျာအကယ်၍ သင်သည် မိတ်ဆွေ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ဦးအား ကျွန်တော်တို့ CMS Website Platform ကိုရည်ညွှန်းပေးပြီး ၎င်းတို့ဝယ်ယူပါက၊ ကျွန်တော်တို့ဘက်မှ ကျေးဇူးတင်သည့်အနေဖြင့် သင်နှင့် သင့်မိတ်ဆွေ နှစ်ဦးစလုံးအား သင်တို့ဝယ်ယူထားသော သက်ဆိုင်ရာဝန်ဆောင်မှုများအတွက် တစ်လ အခမဲ့ သက်တမ်းတိုးပေးသွားမည်ဖြစ်သည်။ ဒါဟာ ကျွန်တော်တို့အနေဖြင့် ကျွန်တော်တို့ရဲ့ CMS Website Platform နှင့်ပက်သက်သော သီတင်းစကားများကို မျှဝေပေးမှုအတွက် ကျေးဇူးတင်ကြောင်းပြသသည့်အနေဖြင့် မေတ္တာတုန့်ပြန်ခြင်းဖြစ်သည်။

ကျွန်တော်တို့ ဝန်ဆောင်မှုနဲ့ပက်သက်ပြီး မရှင်းတာတခုခုရှိရင်ပဲဖြစ်ဖြစ်၊ တခြားတခုခုသိချင်တာပဲဖြစ်ဖြစ်
ကျွန်တော်တို့ဘက်မှ ပြန်လည်ဖြေကြားပေးဖို့ အမြဲအသင့်ရှိနေပါတယ်။ သင့်ရဲ့စိတ်ကျေနပ်မှုက ကျွန်တော်တို့ရဲ့ ဦးစားပေးဖြစ်လို့ ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီပေးဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။

Website မှာပါတဲ့ Features တွေကြောင့်

စျေးကြီးမှာ မစိုးရိမ်ပါနဲ့

image/svg+xml

ဘယ်လို Features တွေ

ရမှာလဲ?

သင့် website ကို အလန်းဆုံးဖြစ်စေမယ့် အမိုက်စား Features များကို လေ့လာလိုက်ပါ။

သင့်ကိုယ်ပိုင် ဝဘ်ဆိုဒ် ကို အခုပဲရယူလိုက်ပါ

သင့်လုပ်ငန်းကို ကမ္ဘာကြီးနှင့် ချိတ်ဆက်ဖို့အခွင့်အရေးကို ကျွန်တော်တို့နဲ့အတူလက်တွဲပြီး ရယူလိုက်ပါ။